Friday, June 18, 2010

မန်းရွှေမြို့မှာ သတိထားစရာများ အပိုင်း(၁)

မန်းရွှေမြို့ဆိုတာ ဗမာတစ်ပြည်လုံးမှာ တိုးတက်မှု အလျင်အမြန်ဆုံးလို့ ပြောရင်ရပါတယ်.....ဒီလိုပြောတဲ့နေရာမှာ တစ်ခု သတိထားဖို့ ပထမတင်ပြချင်တာလေး ရှိပါတယ်......တိုက်တာ အဆောက်အအုံတွေ တိုးတက်လာတာကို ကျွန်တော် မပြောလိုပါ.......စိတ်ဓါတ်တိုးတက်လာတာကိုသာ ပြောချင်ပါတယ်......အင်း ဆိုခဲစေ မြဲစေ ဆိုတဲ့ အတိုင်း ပြောရရင် ကြောက်ခမန်းလိလိကိုတိုးတက်လာတဲ့ ရွှေမန်းသူ ရွှေမန်းသားတွေပါလားလို့ သူတို့ကို ကြည့်ပြီး ညဉ်းတွားမိပါတယ်.....ကို့ကိုယ်ကိုလည်း ယူကြုံးမရဘူးပေါ့ဗျာ....ဂုဏ်ယူရမလား ......ပုံတူကူးရမလား ဆိုပြီး.....ဒွိဟလဲ ဖြစ်မိပါရဲ့ ....အဲဒီအဖြစ်အပျက်ကို ကြည့်ပြီး ၀ဋ်လည်တယ်ဆိုတာကို လက်ခံမိလာပါတယ်.....၀ဋ်လည်တဲ့ ဖြစ်စဉ်မှာ ၀ဋ်ကျွေးဆပ်လိုက်တဲ့ လူတွေကို သနားမိသလို ၀တဋ်ကြွေးကို စားသုံးတဲ့ သူတွေကို လည်း သနားမိပါတယ်ဝဋ်ကြွှေးကို စားသုံးလို့ ၀ဋ် ဆိုတဲ့သံသရာဝဲဂယက်ထဲ ပါဝင်သွားမှာကို သူတို့ မကြောက်ကြဘူးလားလို့လဲ တွေးမိပါတယ်.........ပြောရင်နဲ့လဲ
ကျွန်တော်တို့ မန်းရွှေမန်းသား ရွှေမန်းသူတို့ ရဲ့ ရှာတတ်ဖွေတတ်လာတဲ့ စိတ်ဓါတ်ကို လဲ သဘောကျသယောင် ဖြစ်လာမိပေမယ့်လည်း တရားသဘောအရ ၀ဋ်ကြွေးသံသရာထဲမှာ ပါဝင်မယ့်သူတို့ကို အားပေးရာများေ၇ာက်နေမလားလို့ပညာဥာဏ်နဲ့ ပြန်ပြန်ပြီး ချွန်းအုပ်မိပါတယ်.......။
ပြောရင်းနဲ့ သတိထားစရာတစ်ခုဖြစ်လာတဲ့ေ၇ွှမန်းသား/ရွှေမန်းသူတို့ ၇ဲ့ တိုးတက်မှုကို ပြောဖို့ ရှေ့မရောက်တော့ဘူး ......ဒီလိုပါ....ပြောချင်တာက
မန်းမှာလဲ တစ်နိုင်ငံလုံးမှာ တွေ့နိုင်တဲ့ အင်န်ဂျီအိုလို့ ခေါ်တဲ့ အဖွဲ့လေးတွေ တော်တော် အရေးပါလာတာ တွေ့၇ပါတယ်.....အထူးသဖြင့် သူတို့ရဲ့ အခန်းက နာဂစ်နောက်ပိုင်းမှာ အတော်သိသာလာတာတွေ့ရပါတယ်အဲဒီလိုအဖွဲ့လေးတွေက တစ်ပိုင်တစ်နိုင် တာဝန်တွေ ခွဲဝေယူခဲ့ကြလို့လဲ
နာဂစ်သားကောင်တွေဆီ အကူအညီတွေ တော်တော်ရောက်ခဲ့တာကို အထင်အရှားပါပဲ....အဲဒီလိုမျိုး ထင်ပေါ်မှုလေး တွေကြောင့်ပဲ အဖွဲ့တော်တော်များများ လူသိထင်၇ှားဖြစ်လာခဲ့ကြပါလား......ဒါကိုခဏထားပါအုံး
အဲဒီထဲကမှ အတော်သတိထားစရာကောင်းလာတဲ့ အဖွဲ့လေးတစ်ခုအကြောင်းကို သတိထားမိလာပါတယ်....အဲဒါက ဘာလဲ ဆိုတော့ ပညာရေးနဲ့ ဆိုင်တဲ့ အဖွဲ့လေးတစ်ခုပါ....ရည်ရွယ်ချက်လေးတွေလဲ ကောင်းကြပါတယ်....စပြီးအကူအညီပေးစက ပြောပါတယ်....။
အခုတော့ အမည်ဆိုးလို့ ခေါ်တဲ့ ကျော်ကြားမှုလေး၇လာပြီဆိုပါစို့.......။သူတို့အမည်ကို သူတို့က ပဲ အရောင်ခြယ်လိုက်တယ်ဆိုရင်လဲ မမှားဘူးပေါ့ဗျာ......။
သူတို့က တာထွက်ကောင်းတော့ ပေးချင်ကမ်းချင်သူတွေက အများသားပေါ့ဗျာ.......ဒီလိုနဲ့ထောက်ပံ့တဲ့ စပွန်စာက ပေါ်လာပါလေရော အဲဒီတော့ ၀ဋ်သံသရာရဲ့ အစ ဆိုပါတော့ဗျာ.....။အထောက်အပံ့စပွန်ဆာ ကလည်းေ၇မြေခြားက ဆိုတော့ တော်တော်ကို ကူညီပါတယ်......။ဒါပေမယ့်ဗျာ......ခေါင်က နေပြီး ပေါက်လာတယ်လို့ဆို၇မလား ပဲ.......အကူအညီကို အကြမ်းဖျင်းတွက်လိုက်တော့ ရက်စက်လိုက်တဲ့ ဖြစ်ရပ်ကများ စပွန်ဆာ ၀ဋ်ကြွှေးပေးဆပ်သူကိုမှ အားမနာ.......စပွန်ဆာဆိုတဲ့ ပုလင်းကြီးကို ခေါင်ပေါ်မှာ ပဲတစ်ဝကြီးသောက်လိုက်ကြတာ ၀ဋ်ကြွေးသံသရာက ထောက်ပံ့မယ့် အထောက်အပံ့ခံတွေဆီကို ၃၅ရာခိုင်နှုန်းလောက်တောင် မရောက်ပဲ မဖိတ်မစဉ်အောင် ဘယ်လိုများ သောက်လိုက်ကြသလဲဆိုတာကို ထောက်ပံ့သူ ကိုရွှေနိုင်ငံခြားသားများ တွေ့လို့ကတော့.......ကြိမ်းဝါးလိုက်ကြမှာ သေချာပါတယ်......ငါတို့က ၀ဋ်ကြွေးယူရမယ့် အလှည့်ေ၇ာက်ရင် ရွှေမန်းသား ရွှေမန်းသူ(စုန်းပြူးတစ်ချို့ကိုပြောပါတယ်....အားလုံးကို မဆိုလိုပါ)တွေလိုများ စပွန်ဆာပုလင်းကြီးထဲက အရေ(ရည်)တွေကိုသူတို့လို ၇၅ရာခိုင်နှုန်းကျော်ကျော်လောက်ကို ကျွမ်းကျွမ်းကျင်ကျင်နဲ့ ခေါင်ပေါ်တင်ပဲ သောက်နိုင်ကြပါမလားလို့ သတိထားနေကြမယ်ထင်ပါရဲ့.....။
ကဲ...........မောင် ညီမလေးတို့ရေ မန်းေ၇ွှမြို့မှာ သတိထားစရာ အပိုင်း(၁)ကို ဒီလောက်နဲ့ပဲကျေနပ်နိုင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်.......။
အခိုင်မာဆုံးရုပ်မဲ့ ခွန်အား

သူတို့က နှိပ်စက်ကလူ
ခွန်အားတွေကို စုပ်ယူသွားတယ်
အားမတန်တော့လဲနေပါစေတော့ရယ်လို့.........
တစ်နေ့နေ့တော့ ဆုံးခန်းတိုင်အောင်
အမိုက်မှောင်ကို ငါဖုံးလွှမ်းမယ်..........
ဒီတစ်ခါတော့ နေပါစေတော့ ၊အားက ပျော့ပျော့မို့
မလှုပ်သာ မလူးသာတဲ့ အဆုံး အပြုံးကို အဖေါ်ပြုထားတယ်......
မင်းငါ့ကို မနိုင်တာ.......ဒီစိတ်တစ်ခုမို့
ခွင့်လွှတ်ထားတယ်..........မင်းတို့ အလှည့် ၀ ကွက်ရမဲ့ အဆုံး
ငါ့လို မရှုံးရအောင် .....မင်း ကြံဆောင်ထား
ပြည်ဖုံးကား မချသေးတဲ့ အရာ .......
မင်းမသတ်နိုင်လိုက်တဲ့ ငါ့ရဲ့ စိတ်ခွန်အား.......။
မင်းမြတ်ခ
၁၈-၆-၂၀၁၀(၆း၂၈)ညနေပိုင်း

Monday, June 7, 2010

တကယ့်လူ

ပါးစပ်တွေက ကြင်နာပါတယ်
စိတ်ဓါတ်တွေကပဲ မုန်းဟန်ပေါက်နေတာပါ
စကားတွေကလဲ ချိုသာပါတယ်
အသုံးအနှုန်းတွေကပဲ ခါးသီးနေတာပါ
သိတာတွေက အမှန်တွေပါ.....
လက်တွေ့လုပ်ဖို့ ခက်နေကြတာ............
ကဲ............ဒီတော့ ရှေ့ဆက် ရေတွက်ကြရရင်ဖြင့်
ခင်ဗျားတို့ စိတ်ဓါတ်တွေက အရင်းခံပေါ်လာတဲ့
စကားလုံးတွေကို လက်တွေ့ လုပ်ချင်တဲ့အခါ
အမုန်းတွေကို အကြင်နာက စားပြီး
ချိုသလား .............ခါးသလား .......သိပါစေ..........
အဲဒီလို လက်တွေ့ ကျကျ တွေ့သမျှကို အမှန်ပြင်ပေးမှ
လူအစစ် ဖြစ်တော့မှာပေါ့ဗျာ...............။
မင်းမြတ်ခ( MUFL )၅း၃၇ ညနေပိုင်း

Thursday, June 3, 2010

ပါရမီရှင်
ဘယ်တော့မှ မဖွင့်တဲ့ စကားလုံးနဲ့ အတိပြီးတဲ့ တံခါး
မကြားရလဲ........နားမစွင့်နဲ့ ...............
ရင်ဘတ်နဲ့ သာ ဘာသာပြန်လိုက် .........
လေးနက်နေတဲ့ စကားတွေရဲ့ နောက်ကွယ်က
အရိပ်မည်းတစ်ခုနောက်ကို မကြောက်သူတွေက လိုက်တယ်
မလိုက်တဲ့ သူတွေက လဲ မကြောက်တတ်သူတွေပါပဲ........
လူချင်းတော့ တူမယ်.........မတူတာ....ခေါင်းတစ်လုံးပဲ
စကားကို စကားနဲ့ ဘာသာပြန်မှ အရိပ်မည်း တွေ့တာမဟုတ်
ရင်ဘတ်နဲ့ ဘာသာပြန်လဲ အရိပ်မည်း တွေ့အောင်
ဒီခေါင်းက ပဲ အလုပ်လုပ်သွားတယ်........
ဒီတော့ .........အယူအဆကောင်းတွေကို ခေါင်းထဲထည့်
ငါသိမ်းဆည်းတတ်တော့ ........စစ်မက်တွေ........မနှစ်သက်တာတွေ
ငါရှောင်လွှဲတတ်လာတယ်.........
အဲဒါ........မှတ်ထား.........ဥာဏ်ရှိတဲ့ ခေါင်းနဲ့ အသက်ရှင်သူ........။
မင်းမြတ်ခ ( MUFL ) 5:55 Pm.

Wednesday, June 2, 2010

ဒီနေ့ ဒီကဗျာတစ်ပုဒ်ကို အားလုံးဖတ်ရအောင် တင် ပေးလိုက်ပေးလိုက်ပါတယ်.........ကဗျာခေါင်းစဉ်ကတော့ သိပ် မထူးဆန်းပေမယ့် ...........အဲဒီကဗျာထဲက ဇာတ်ကောင် နှစ်ယောက်ဟာ တကယ့် ပြင်ပမှာ ရှိခဲ့ တဲ့ ဇာတ်ကောင် တွေပါ.........ကဲ .........အားလုံးပဲ ဖတ်ကြည့်နိုင်ပါတယ်.........။
တော်ဝင်စံပန်း

မှန်းရွယ်ကာ မမေ့သာလဲ.....
အလှမ်းရယ် ဝေးကွာသမို့.......
စမ်းနှယ် မချိတဲ့ အဆုံး...................
ကြုံတုန်းမို့ ပြုံးကြရမယ်ထင်.......
အမုန်းရယ် ...သူငင်တဲ့ ခဏ...........
ခြေလှမ်းငယ် ကြွကြွလှမ်း.......တယ်....
သြော်.........တော်ဝင်နန်းရယ်က........
မောင်မျှော်တဲ့.........အမြင့်စံပန်း...................။
မင်းမြတ်ခ ( MUFL ).3-6-2010( 2:20)Am;

The Highest and the classical one( as the pretty flower )


Even it's being intended to hate,but being never forgetting,
It's really too far from each other..........
At the end of life which is not as living stream...........
Hopefully ,we shall smile when being at the same time........
Honey,attaches seriously in to the hate
And lightly spaces to be farther away..........
Oh!!!!!!!!!From the palaces' complex......
The only dearest one ,I am deeply intended for ever.

Composed by
Min Myat Kha ( Mandalay University of Foreign Languages )
3-6-2010(2:20)Am;

Monday, May 31, 2010

introduction

ဒီနေ့ ကျွန်တော့်ရဲ့ ကိုယ်ပိုင် စာမျက်နှာတစ်ခု စတင်ဖွင့်လှစ်ပါပြီ ...အားလုံးကျွန်တော့်ဆီကို လာဖတ်လို့ ရပါပြီခင်ဗျာ.............။